မံစီ မတ် ၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့ နေ့လယ် ၁ နာရီက (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲကို ကျောင်းသားလူငယ်များ တပ်မတော်နေ့ အကြောင်းကို သိရှိစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မြသက်ဦးက တပ်မတော် နေ့ဖြစ်ပေါ်လာပုံအကြောင်းနှင့် စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောခဲ့ရာ အခြေခံပညာအထက်တန်း ကျောင်း(မံစီ)မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)