အမြို့မြို့အနယ်နယ်သတင်းများ

Mar 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ အခြေခံမဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်းကို မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project) ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Mar 14,2022
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့နံနက် (၁၀)နာရီခန့်က မူလတန်းကြိုအဆင့် ဗိုလ်ချုပ်ပုံတူ ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပခဲ့သည်။
Mar 14,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 14,2022
ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးစနစ် တကျသုံးစွဲရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ည ၇ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့ပေါ်နှင့် ကျေးရွာရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့သည်။
Mar 14,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်မှုအား ယနေ့နံနက် (၈:၃၀)နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 14,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ “အိုမီခရွန်” ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို နေ့စဉ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Mar 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ် များအား အရှိန်အဟုန်မြှင့်၍ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ စတုတ္ထလှိုင်း ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ရောဂါကူးစက်ပျံ့ပွားမှုကို အမြန်ဆုံး ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ ယနေ့နံနက် ၇ နာရီ အချိန်မှစတင်၍ မြို့အဝင်၊ မြို့ထွက်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပြီး လက်မှတ် ရှိ၊မရှိ စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။