ကွန်ဟိန်း မတ် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်မှုအား ယနေ့နံနက် (၈:၃၀)နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးရာတွင် မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မျိုးသန့်က အခြေခံပညာ ကျောင်းများတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များကို ကြိုတင်၍ ကာကွယ်ဆောင်ရွက် နိုင်ရန်အတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပညာပေးပြောကြားခဲ့ပြီး လက်တွေ့မီးငြိမ်းသတ်ခြင်းများဆောင်ရွက်ခဲ့ကြပြီး မီးသတ်ဆေးဘူးများအား စစ်ဆေးခဲ့ကြပါသည်။
အဆိုပါဆောင်ရွက်ခြင်းအား အခြေခံပညာကျောင်းများတွင် မီးဘေးအန္တရာယ်များ မဖြစ်ပေါ်စေရန်၊ မီးဘေး အန္တရာယ်ကျရောက်လာပါက စနစ်တကျ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်၊ ကျေးရွာများရှိ အခြေခံပညာကျောင်းမှ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ပြည့်(ကွန်ဟိန်း)