အမြို့မြို့အနယ်နယ်သတင်းများ

Mar 14,2022
အခြေခံပညာကျောင်းများတွင်  မကြာမီကာလအတွင်းဖြေဆိုမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုချိန်အတွင်း မီးလောင်မီးလန့်မှုမရှိစေရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မတ် ၁၃ ရက်တွင် ကျိုင်းတုံခရိုင်/ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာများနှင့် တာဝန်ရှိသူများက ပူးပေါင်း၍ မီးဘေးလုံခြုံရေး စစ်းဆေးပေးခြင်းနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်မှ နွေစပါးများစိုက်ပျိုးကြသည့် တောင်သူများက ၂၀၂၂-ခုနှစ်အတွက် နွေစပါးများကို ယမန်​နေ့တွင် နွေစပါးစိုက်ပျိုးခြင်း လုပ်ငန်းများ စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
Mar 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်နှင့် ကျန်ရှိသော ဒေသခံပြည်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ယနေ့ နံနက် ၈ နာရီအချိန်က ရပ်ကွက်၊ ကျေးရွာများအရောက် နယ်လှည့်ကွင်းဆင်း ထိုးနှံဆောင်ရွက် ပေးလျက်ရှိသည်။ 
Mar 14,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့မှ ဧပြီလ (၉) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၇၀၀) ဦးရှိကြောင်း သိရသည်။
Mar 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ အစိုးရဌာနဆိုင်ရာ ရုံးများတွင် မီးဘေးအန္တရာယ် ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်း အချိန်က မြို့နယ်မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ တာမွေမြို့နယ်ရှိ အစိုးရဌာနဆိုင်ရာ ရုံးများ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
Mar 14,2022
၂၀၂၃ ခုနှစ်တွင်ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် အခြခံမဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန် စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းအား ကယားပြည်နယ် လွိုင်ကော်မြို့၌ ယနေ့တွင် ပြည်နယ်မိခင်နှင့် စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ရုံး၌ ကွန်ပျူတာသင်တန်းခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
Mar 14,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နေ သည့် ကာလအတွင်း မြို့နယ်နေပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း၏ စီစဉ်မှုဖြင့် မြို့နယ်အတွင်း ဆန်၊ ဆီ သယ်ယူရောင်းချရေးယာဉ်ဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသင့်တင်စွာလာရောက် ရောင်းချပေးခဲ့သည်။
Mar 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ခလုပ်ကျေးရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်တွင် ခလုပ်အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)သို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။