Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးနိုင်မှု (၄၁၂၇၁၄) ဦးထိုးပေးနိုင်ပြီဖြစ်
Mar 14,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်မှုအခြေအနေ ယနေ့ နံနက်ပိုင်းအချိန်ထိ ၄၁၂၇၂၄ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
လားဟူတိုင်းရင်းသားတို့၏ (၅၂)ကြိမ်မြောက် နှစ်ပတ်လည်ဓမ္မသဘင်နှင့် (၄)ကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေး ဟိုပန်၌ ပြုလုပ်
Mar 14,2022
ပန်လုံနယ်၊ လားဟူနှစ်ခြင်း ခရစ်ယာန်အသင်းတော်များအဖွဲ့၏ (၅၂)ကြိမ်မြောက် နှစ်ပတ်လည် ဓမ္မသဘင်နှင့် (၄)ကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေးကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ မော်ဟွေ့ကျေးရွာအုပ်စု၊ဟွေပုံကျေးရွာတွင် ယမန်နေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ် Community Centre ခန်းမတွင် စားသုံးသူကာကွယ်ရေးဥပဒေ အသိပညာပေး Talk Show ကျင်းပ
Mar 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် Community Centre ခန်းမတွင် စားသုံးသူကာကွယ်ရေး ဥပဒေအသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ်အတွင်း သောက်သုံးရေအခက်အခဲရှိသော အိမ်ထောင်စုများထံသို့ မြို့နယ်အတွင်းရှိ တာဝန်ရှိသူများ ပူးပေါင်း၍ သောက်သုံးရေများ ပေးအပ်လှူဒါန်း
Mar 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ သောက်သုံးရေ အခက်ခဲရှိသော အိမ်ထောင်စုများထံသို့ ယမန်နေ့နံနက် (၉:၃၀) အချိန်မှ စတင်၍ ရေဘောက်ဆာကားများဖြင့် သောက်သုံးရေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် အသက်(၁၈)အထက်ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံရေးပြီးစီးရေး စစ်ဆေးဆောင်ရွက်လျက်ရှိ
Mar 14,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၁၈)အထက်ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်း ပြည့်ထိုးနှံပြီးစီးရေး မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဦးဆောင်ပြီး ယနေ့နံနက်(၈) နာရီက ပြည်ပန်းဂိတ်၊ ဖျောက်ဆိပ်ပင်ဂိတ်၊ လက်ပန်ကျေးရွာဂိတ်၊ တံစိုးကျေးရွာဂိတ်နှင့် ရွှေဂူကြီးကျေးရွာဂိတ်များတွင် စစ်ဆေးလျက်ရှိပြီး ကာကွယ်များ ရာနှုန်းပြည့်ထိုးနှံရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကသာမြို့၌ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Mar 14,2022
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကသာမြို့၊ ပတ္တမြားရပ်ကွက်အတွင်းရှိ ကိုင်ဆောင်လက်မှတ် မရှိသူများအား မတ်လ(၁၂)ရက်နှင့် (၁၃)ရက်နေ့များတွင် ကသာ မြို့တော်ခန်းမ၌ ပန်းခင်းစီမံ ချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရပ်ကွက်များအရောက် mobile လှည့်လည်ထိုးနှံပေး
Mar 14,2022
ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မရှိစေရန်နှင့် ရောဂါဖြစ်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ယနေ့နံနက် (၉)နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်စုရပ်များအရောက် mobile လှည့်လည်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း မီးဘေးအန္တရာယ်ကြောင့် စိုးရိမ်ထိတ်လန့်မှုများ မဖြစ်ပေါ်စေရေး အသိပညာပေး လိုက်လံနှိုးဆော်
Mar 14,2022
၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် ကျင်းပပြုလုပ်တော့မည် ဖြစ်ရာ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲ ဖြေဆိုနေစဉ် ကာလအတွင်း စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန်၊ မီးလောင်မှုများနှင့် မီးဘေးအန္တရာယ်ကြောင့် စိုးရိမ်ထိတ်လန့်မှုများ မဖြစ်ပေါ်စေရေးနှင့် မြို့နယ်အတွင်း မီးသတိမူရေး၊ မီးဘေးကြိုတင် ကာကွယ် ဆောင်ရွက်နိုင်ရန်အတွက် လိုက်နာဆောင်ရွက် ရမည့် စည်းကမ်းချက်များအား အသိပညာပေး နှိုးဆော်ခြင်းကို မတ်လ(၁၂)ရက် ညပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်လမ်းများတလျှောက် မီးသတ်ကားဖြင့် လှည့်လည်ကာ အသိပညာပေး နှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22081
Page
22082
Page
22083
Page
22084
Current page
22085
Page
22086
Page
22087
Page
22088
Page
22089
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department