မိုးမိတ်မြို့နယ် မြို့ဝင်၊ မြို့ထွက်များ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံပြီး လက်မှတ် ရှိ ၊မရှိ စစ်ဆေး

မိုးမိတ်  မတ် ၁၄  

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ် များအား အရှိန်အဟုန်မြှင့်၍ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ စတုတ္ထလှိုင်း ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ရောဂါကူးစက်ပျံ့ပွားမှုကို အမြန်ဆုံး ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ ယနေ့နံနက် ၇ နာရီ အချိန်မှစတင်၍  မြို့အဝင်၊ မြို့ထွက်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပြီး လက်မှတ် ရှိ၊မရှိ စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသော ဖြတ်သန်းသွားလာသူများအား နှာခေါင်းစည်း ဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားခြင်း မရှိသူများအား  ကာကွယ် ဆေးထိုးနှံပေးခြင်း ၊အသိပညာပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပြီး လက်မှတ်  ရှိ၊ မရှိ စစ်ဆေးခြင်း  စသည့် လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့်အဖွဲ့ဝင်များ၊  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များက ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စည်သူဌေး (ခရိုင်ပြန်/ဆက်)