အမြို့မြို့အနယ်နယ်သတင်းများ

Mar 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၁၇)နှစ်နှင့်‌အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် မြို့နယ်ကိုယ်စားပြု ယှဉ်ပြိုင်ကစားရန် ဘောလုံးအားကစားသမားများ စီစစ်ရွေးချယ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်က သာပေါင်းမြို့နယ် အား/ကာ ဘောလုံးကွင်း၌ ခြေစစ်ပွဲကျင်းပခဲ့သည်။
Mar 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ်လ(၃၁) ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲသို့ ဝင်‌ရောက်ဖြေဆိုမည့်  ကျောင်းသား၊ ကျောင်းသူ(၁၃၄၅)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။     
Mar 14,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပိတောက်ငုပ်ကျေးရွာအုပ်စု၊ ပိတောက်ငုပ်ကျေးရွာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဒေသခံ ပြည်သူများ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက မိုဘိုင်းစနစ်ဖြင့် ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
Mar 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မြောင်းမြခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Mar 14,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ ရတနာစည်ကျောင်းတိုက်၌ (၂၄)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ သံဗုဒ္ဓေ ဘုရားရှင်များပူဇော်ပွဲကို ယမန်နေ့နံနက် (၀၉:၃၀) အချိန်က နှစ်ကျိပ် ရှစ်ဆူစံကျောင်းတော် ဘာဝနာဆောင်တွင် ကျင်းပရာ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးကြီး သန်းထွန်းအောင် တက်ရောက်ပါသည်။
Mar 14,2022
ပခုက္ကူမြို့နယ်၊ ရေမျက်ကျေးရွာ၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီနှင့် လူမှုကာကွယ်စောင့်ရှောက် ရေးအဖွဲ့တို့၏ (၉) ကြိမ်မြောက် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းအစီအစဉ်ကို ယမန်နေ့ နံနက်၉နာရီက ကျင်းပသည်။
Mar 14,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ယမန်နေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် အင်းဒေါင်း ကျေးရွာအုပ်စုသို့ သွားရောက်ပြီး ဒေသခံပြည်သူများ လူမှုဘဝဖွံ့ဖြိုးစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ကွင်းဆင်းပြုလုပ် ပေးခဲ့ကြောင်း သိရသည်။
Mar 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကိုယ်ဝန်ဆောင်နှင့် နို့တိုက် မိခင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။