ဝက်လက် မတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း Omicron ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ နှာခေါင်းစည်း Mask တပ်ဆင်၍ သွားလာခြင်း ရှိ၊ မရှိ စစ်ဆေးရာတွင် ပညာပေး ကာလအတွင်း Mask များကို အခမဲ့ပေး၍ တပ်ဆင်စေခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးကြောင်း ကဒ်အားစစ်ဆေး၍ ကာကွယ်ဆေး မထိုးနှံရသေးပါက ဆေးထိုးရန် စုရပ်ဖြစ် သည့် ဝင်းလက်ရွှေရည် ခန်းမတွင် တနင်္လာနေ့မှ သောကြာနေ့ အထိ နံနက် ၉ နာရီ အချိန်မှ စတင်၍ ထိုနှံပေနေကြောင်း သွာရောက်ထိုးနှံကြပါရန် အသိပညာပေး ဆွေးနွေမှုများ ဆောင်ရွက်နေကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လှိုင် ဦးဆောင်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် အဖွဲ့များနှင့် မြို့အဝင် အထွက် ဂိတ်များတွင် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိပြီး မြို့အတွင်း သို့ အခြားဒေသများမှ ဝင်ရောက်လာသူများအနေဖြင့် ကာကွယ်ဆေး ထိုးနှံခြင်း မရှိပါက ဝင်ရောက်ခွင့် မပြုပါကြောင်း နေအိမ် ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်းMask များ စနစ်တကျ တပ်ဆင် သွားလာကြရန် ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာ နေကြရန် အသိပညာ ပေး ဆွေနွေးမှုများ ဆောင်ရွက်နေကြောင်း သိရှိရပါသည်။
စိုးစိုးလှိုင် ( ဝက်လက်)