အမြို့မြို့အနယ်နယ်သတင်းများ

Mar 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ ဝမ်လုံးရပ်ကွက်တွင် ထိုင်း၊ လာအိုနိုင်ငံများမှ ပြန်လာသည့်သူများနှင့် ဒေသတွင်းမှ ကိုဗစ်-၁၉ ရောဂါသံသယလူနာများအား စောင့်ကြည့်ထားရှိနိုင်ရန်အတွက် Quarantine Center အဆောက်အဦသစ် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
Mar 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်နှင့် ကျန်ရှိသော ဒေသခံပြည်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ယနေ့ နံနက် ၈ နာရီအချိန်က ရပ်ကွက်၊ ကျေးရွာများအရောက် နယ်လှည့်ကွင်းဆင်း ထိုးနှံဆောင်ရွက် ပေးလျက်ရှိသည်။ 
Mar 14,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး ထိုးနှံခြင်းလုပ်ငန်းကို လစဉ်သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များတွင် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 14,2022
ကိုဗစ်-၁၉မျိုးဗီဇပြောင်း အိုမီခရွန်အပါအဝင် ရောဂါများ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထုများ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ဝေသော ကိုဗစ်-၁၉မျိုးဗီဇပြောင်း အိုမီခရွန် အပါအဝင် ရောဂါများ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီက ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေသည်။
Mar 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်၊ သဲကုန်းမြို့နယ် ဈေးကွက်စောင့်ကြည့်စစ်ဆေးရေး အဖွဲ့မှ ယနေ့နံနက် (၉:၀၀) နာရီအချိန်တွင် သဲကုန်းမြို့ စည်ပင်သာယာမြို့မဈေး အတွင်းရှိ စားသုံးဆီနှင့်ရေသန့်များ ရောင်းချနေသော ကုန်စုံဆိုင်ဈေးဆိုင်များသို့ ကွင်းဆင်း သွားရောက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈)အရ ဖော်ပြပါ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Mar 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ အမျိုးသားခန်းမရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးစုရပ်၌ ယနေ့ နံနက်ပိုင်းက ကိုယ်ဝန်သက်တန်း (၈)လအောက် ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးအသက်(၆)လအထက် နို့တိုက်မိခင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (sinovic)(ပထမအကြိမ်) စတင်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Mar 14,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား မေလ (၃)ရက်နေ့မှစတင်၍ ရပ်ကွက် /ကျေးရွာ များအတွင်း သတ်မှတ်နေရာများအလိုက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မကျီးကန်ကျေးရွာအတွင်းနေ အသက်(၁၆)နှစ် နှင့်အထက်ပြည်သူများ မှတ်ပုံတင်ကတ်ပြုလုပ်ရန် မကျန်ရှိစေရေးအတွက် မြို့နယ်လဝကဦးစီးမှူး မောင်မောင်သန်းနှင့် ဝန်ထမ်းများက ကွင်းဆင်း၍ စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 14,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာ၌ သတ္တမအသုတ် အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို နောင်ခဲဘုန်းတော်ကြီး ကျောင်းတွင် ယနေ့နံနက် ၉ နာရီမှစ၍ ထိုးနှံပေးလျက်ရှိသည်။