Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျိုက်မရောမြို့နယ် ပြည်သူ့ဆေးရုံ၌ သားအိမ်ခေါင်း ကင်ဆာရောဂါ(ဒုတိယ)အကြိမ် အခမဲ့ စစ်ဆေးပေး
Mar 14,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် အမျိုးသမီးများအတွက် အဓိကအရေးကြီးသော ရောဂါ တစ်မျိူးဖြစ်သည့် သားအိမ်ခေါင်း ကင်ဆာရောဂါ အခမဲ့ စမ်းသပ်စစ်ဆေးပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီကပြည်သူ့ဆေးရုံ လူနာဆောင်သစ်၌ စမ်းသပ်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဘောဂလိမြို့တွင် သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်
Mar 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသနေပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားလာစေရန်ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် Mask Campaign ဆောင်ရွက်
Mar 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်ရေး ပြည်သူများ နေအိမ်မှ ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်း စည်း (Mask)များ စနစ်တကျတပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်း (Mask Campaign) ကို ယမန်နေ့နံနက် ၇ နာရီ အချိန်ခန့်က ဈေးရပ်ကွက် မြို့လယ် ဘုရားလေးလမ်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့တွင် ပြည်သူများအား OSS စနစ်ဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Mar 14,2022
ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းပပျောက်စေရန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး CoviShield ကို ယမန်နေ့နံနက် ၉ နာရီမှ စတင်၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝေမျှခြင်းပရဟိတမိသားစုမှ အင်ကြင်းမြိုင်တဲတိုက်သို့ သောက်သုံးရေ ၁၆၀၀ ဂါလံလှူဒါန်း
Mar 14,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု အင်ကြင်းမြိုင် တဲတိုက်သို့ ယနေ့နံနက် ၉ နာရီအချိန်က သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေ အလှူတော်တာဝန်ခံ ဦးဝင်းမင်းထွန်းက ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
(၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Mar 14,2022
၂၀၂၂ ခုနှစ် ၊ (၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံ မြို့နယ် မီတာ(၄၀၀) အားကစားကွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ မတ်လ(၁၂)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့နယ်၌ Phase 7 ဒုတိယအကြိမ်၊ Phase 8 ပထမအကြိမ်နှင့် ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးမည်
Mar 14,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအနေဖြင့်
အပြည့်အစုံ ဖတ်ရန်
မြို့မစည်ပင်သာယာဈေးသို့ သွယ်တန်းထားသည့်မီးသတ် ရေပိုက်လိုင်းများ ကောင်းမွန်မှုရှိမရှိ စစ်ဆေး ခြင်းနှင့် မီးဘေးအန္တရာယ်ကာကွယ်ရေး မီးငြှိမ်းသတ်နည်းသရုပ်ပြ ဇာတ်တ…
Mar 14,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း၍ မတ် ၁၄ ရက်နေ့လည် ၁ နာရီက မြို့မစည်ပင်သာယာဈေးကြီးတွင် မီးသတ်ရေပိုက်လိုင်းများ ကောင်းမွန်မှုရှိမရှိစစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်နည်း သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ရာမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း၊ မြို့မ ရဲစခန်းစခန်းမှူး မျိုးအောင်နှင့်အဖွဲ့၀င်များ၊ စည်ပင်သာယာရေးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဦးဇော်ခင်နှင့် ၀န်ထမ်းများ၊ ဈေးအကျိုးတော်ဆောင်များ တက်ရောက်အားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22082
Page
22083
Page
22084
Page
22085
Current page
22086
Page
22087
Page
22088
Page
22089
Page
22090
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department