ဗန်းမော် မတ် ၁၄
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့နံနက် (၁၀)နာရီခန့်က မူလတန်းကြိုအဆင့် ဗိုလ်ချုပ်ပုံတူ ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပခဲ့သည်။
ပြိုင်ပွဲမစတင်မီ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက အမိမြန်မာနိုင်ငံ တပ်မတော်ရဲ့ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ ကျေးဇူးတရားများကို မူကြိုအဆင့် ရင်သွေးငယ်များ ငယ်စဉ်ကတည်းက ရင်ထဲစွဲမြဲစွာ မှတ်မိသိရှိသွားစေရန် ရည်ရွယ်၍ ဗိုလ်ချုပ်ပုံတူကို ဆေးရောင်ခြယ်ပြိုင်ပွဲအဖြစ် ကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲကို ကျင်းပရာ အဆိုပါပြိုင်ပွဲတွင် ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်ရှိ လူမှုဝန်ထမ်း ဦးစီးဌာန မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်များက ပါဝင်ယှဉ်ပြိုင်ကြသည်။ ထို့နောက် ဆုပေးပွဲကျင်းပရာ ဆုရရှိသူများနှင့် ပြိုင်ပွဲဝင် ရင်သွေးငယ်လေးများအား အလှူရှင် များနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရပါသည်။
ခရိုင်ပြန်/ဆက်