အမြို့မြို့အနယ်နယ်သတင်းများ

Mar 14,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရမ်းဗြဲမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် ပြည့်မီနိုင်ရေးနှင့် ပြည်သူများ “လူမှုဘဝပြည့်စုံဖို့၊ နိုင်ငံသားကတ်ကိုင်ကြစို့ ”ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်စုများသို့ သွားရောက်ပြီး အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ခြင်းကို ကွင်းဆင်း၍ ဆက်လက် ဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့က ကုလားပုန်း ကျေးရွာအုပ်စုသို့ သွားရောက်ပြီး အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေး ခဲ့ကြကြောင်း သိရသည်။
Mar 14,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ကိုဗစ်-၁၉ရောဂါ ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်စုရပ်များတွင် ယနေ့နံနက် ၉ နာရီမှ ၁၂ နာရီအထိ ပြည်သူ့ကျန်းမာရေးဌာနမှ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Mar 14,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် အခြေခံမဲဆန္ဒ ရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၉) နာရီက ချောင်းဆုံမြို့နယ် ကျွန်းသာယာခန်းမတွင် စတင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Mar 14,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ဒေသအတွင်းစားသုံးဆီ ဖူလုံပိုလျှံရေးအတွက် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် နွေနှမ်း (၂၄၁၃)ဧက စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပြီး ကျားကာကျေးရွာတွင် စိုက်ပျိုးထားသော နွေနှမ်းစိုက်ခင်း များအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
Mar 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် မီးသတ်ဦးစီးဌာနက ပြည်သူများမီဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပေးဆိုင်းဘုတ်များစိုက်ထူခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းကအမှတ်(၁)ရပ်ကွက် လမ်းဆုံတွင် စိုက်ထူခဲ့ကြောင်း သိရသည်။
Mar 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာတွင် တည်ထားကိုးကွယ် တော်မှုသော နောင်တော်ကြီးစေတီ ထီးတော်တင်ပွဲနှင့် ပြည်သာလင်းအေး စေတီတော်မြတ်ကြီး ဌာပနာပိတ်ပွဲကို မတ်လ(၁၆)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်းသိရသည်။
Mar 14,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မိုးမောက်မြို့မစျေးတွင်းနှင့် စျေးရှေ့လူစည်ကားရာ နေရာများတွင် ကိုဗစ်−၁၉ ရောဂါကူးစက်မှု ကွင်းဆက်ပြတ်တောက်ရေး အသိပညာပေးခြင်းနှင့် Mask (ပါးစပ်နှင့်နှာခေါင်းစည်း)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Mar 14,2022
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တွင် ကလေးများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀နာရီက အဆိုပါဦးစီးဌာန၌ အသိပညာပေး နံရံကပ်စာစောင်များပြသလျက်ရှိသည်။