အမြို့မြို့အနယ်နယ်သတင်းများ

Mar 14,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု ကာကွယ်တားဆီးနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသည့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက သတ်မှတ်စုရပ်နေရာများ၌ ထိုးနှံပေးလျက်ရှိသည်။
Mar 14,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မတ်လ ၇ ရက်နေ့မှစတင်၍ ရပ်ကွက်/ကျေးရွာအုပ်စုများအရောက် ကွင်းဆင်းသွားရောက်ပြီး ကိုဗစ်-၁၉ကာကွယ်ဆေးများရာနှုန်းပြည့်ထိုးနှံပြီးစီးရေးအတွက် သွားရောက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က ငဖဲမြို့နယ်တောင်ပေါ်ဒေသရှိ ကျေးရွာအုပ်စုများတွင် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ ကြောင်း သိရသည်။
Mar 14,2022
ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ ဟင်းအိုး​ချောင်း​ကျေးရွာရှိ ​ရေငံသရက် ကုန်းဘုန်း​တော်ကြီး​ကျောင်း ဓမ္မာရုံတွင် ယ​နေ့နံနက်ပိုင်းက၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ပထမ သုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂)နှစ် အောက် ကလေးငယ်များအား ထောက်ပံ့ကြေးပေးအပ်ခြင်းကို​ ကျေးရွာအုပ်ချုပ်ရေးမှူး မန်း​ကျော် သက်နှင့် စာရေးဝန်ထမ်းတို့က ဆက်လက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
Mar 14,2022
တနင်္သာရီတိုင်းဒေသကြီး၊  ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်နိုင်ရေး၊ မြေပြင်စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ မတ်လ ၁၄ရက်နေ့က စတင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Mar 14,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ခု၊ ပညာ သင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၂၈၀၈)ဦး ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာ (ဖောင်)တင်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Mar 14,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်၊ ဂွမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ကျန်းမာရေးဦးစီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် သံတွဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ရခိုင်ပြည်နယ် တွင် ပထမဦးဆုံးအကြိမ်အဖြစ် ဆောင်ရွက်သည့် ပိုးသတ်ဆေးများနှင့်စပ်လျဉ်း၍ လူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင် အန္တရာယ် ကင်းရှင်းရေး၊ စားသုံးသူ အကာအကွယ်ပေးရေးနှင့် ပိုးသတ်ဆေးများကို အန္တရာယ်ကင်းစွာ
Mar 14,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပဖြေဆိုမည့် စာစစ်ဌာန (၅) ခုအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Mar 14,2022
ဧရာဝတီတိုင်းဒေသကြီး  ဟင်္သာတခရိုင်. ကြံခင်းမြို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး ခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က  မြေပြင်ရှိလူဦးရေစာရင်းနှင့်  အခြေခံလူဦးရေ စာရင်းများအား တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း သင်တန်းပို့ချခဲ့ကြောင်း သိရသည်။