ငပု​တော​မြို့နယ်၊ ဟင်းအိုး​ချောင်း​​ကျေးရွာ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ကြေးများ လက်ဝယ်အရောက်ဆက်လက်ပေးအပ်

ငပု​တော မတ် ၁၄

 

ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ ဟင်းအိုး​ချောင်း​ကျေးရွာရှိ ​ရေငံသရက် ကုန်းဘုန်း​တော်ကြီး​ကျောင်း ဓမ္မာရုံတွင် ယ​နေ့နံနက်ပိုင်းက၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ပထမ သုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂)နှစ် အောက် ကလေးငယ်များအား ထောက်ပံ့ကြေးပေးအပ်ခြင်းကို​ ကျေးရွာအုပ်ချုပ်ရေးမှူး မန်း​ကျော် သက်နှင့် စာရေးဝန်ထမ်းတို့က ဆက်လက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဟင်းအိုး​ချောင်း​ကျေးရွာ အုပ်စုအတွင်းရှိ အကျိုးခံစားခွင့် ရှိသည့် ကိုယ်ဝန်ဆောင်မိခင်(၄၆) ဦးနှင့် အသက်(၂)နှစ် အောက်ကလေး(၂၈)ဦး၊ စုစုပေါင်း ( ၇၄ )ဦးအတွက် ငွေကျပ် သိန်း (၃၁ ,၆၀၀၀၀ ) (သုံးဆယ့်တစ်သိန်း ​ခြောက်​သောင်း) ကျပ်တိတိကို သက်ဆိုင်ရာ ​ကျေးရွာအုပ်စုများမှ တာဝန်ရှိ သူများအားမတ်လ၉ ရက်နေ့တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ပေးအပ်ခဲ့ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့က ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရ သည်။

ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား နိုင်ငံတော်မှ ထောက်ပံ့ပေး အပ်ရသည့် ရည်ရွယ်ချက်မှာ ကိုယ်ဝန်ဆောင်မိခင်နှင့်အသက်(၂)နှစ်အောက်ကလေးငယ်များ သေဆုံးမှုနှုန်း လျော့ကျနိုင်စေရန်၊ မိခင်ရောကလေးပါ ကျန်းမာသန်စွမ်းပြီး အာဟာရ ပြည့်ဝသည့် အစားအစာများ စားသုံးနိုင်စေရန်၊ အသက်အရွယ်ကြီးရင့်လာသည့် အချိန်တွင် နာတာရှည် ရောဂါဖြစ်ပွားမှုနှုန်း လျော့ကျစေရန်၊ မိသားစုစီးပွားရေးထိခိုက်မှု လျော့နည်းသက်သာစေရန်၊ ကျန်းမာသန်စွမ်းသော နိုင်ငံသားကောင်း ရတနာများ ပေါ်ထွန်းလာက​စေရန်နှင့်နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများတွင် စွမ်းအားပြည့် ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ယခုလိုထောက် ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း​ကျေးရွာအုပ်ချုပ်​ရေးမှုး မန်း​ကျော်သက်ထံမှသိရသည်။ 

နုနု​အေး(ပြန်/ဆက်)