အမြို့မြို့အနယ်နယ်သတင်းများ

Mar 14,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ (၃)နာရီအချိန်တွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Mar 14,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာ ဦးဘုန်း(ဓာတု)ရေးသားသည့် နီးနီးဝေးဝေး အတွေးလက်ဆောင်စာအုပ်ဖြင့် စာဖတ်ဝိုင်းကို မတ်လ (၁၃)ရက်နေ့ မွန်းလွဲ (၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 14,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Covidshieldနှင့်Sinophram (၂)ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးနှံရသေး သည့် ပြည်သူများအား အဋ္ဌမအသုတ် (ပထမ)အကြိမ် ထိုးနှံပေးခြင်းတို့ကို ယနေ့နံနက်၁၀နာရီမှ ညနေ၃နာရီထိ မြို့နယ် ပြည်သူ့ ဆေးရုံဟောင်း ဆေးထိုးစုရပ်နေရာတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Mar 14,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး သူနိုင်ငံ့၀န်ထမ်းများအား ထပ်ဆောင်း ကာကွယ်ဆေး Covishield ကို မတ်လ (၁၂)ရက် နံနက်(၁၀)နာရီ မွန်းလွဲ(၁)နာရီအထိ မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမ၌ ထိုးနှံပေး ခဲ့သည်။
Mar 14,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျတ်တန်းကုန်းကျေးရွာတွင် တစ်ပိုင်တစ်နိုင် မာလာကာသီးကို ဥယျာဉ်ခြံ စနစ်စိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့် နှစ်စဉ်အမြတ်ငွေရရှိကြောင်း သိရသည်။
Mar 14,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးလုံခြုံမှုရှိစေရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အတွက် မြို့နယ်မီးသတ် ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက လက်ပံတန်းမြို့မ ဈေးအတွင်းရှိ ဈေးရုံများအား လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
Mar 14,2022
စစ်ကိုင်းမြို့၏ ကျက်သရေဆောင် ရတနာစေတီ ဆင်များရှင်စေတီတော်ကြီးအား သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိဆရာတော်ဘုရားကြီး ဦးဆောင်ဩဝါဒ လမ်းညွှန်မှုဖြင့် ငှက်မြတ်နားတော်နှင့် စိန်ဖူးတော် တင်လှူပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စေတီတော်ကြီး ပရဝုဏ်ရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပခဲ့သည်။
Mar 14,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးအတွင်း မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေး ကော်မတီ(စျေးများနှင့် ကုန်စည်ပွဲရုံများဌာန)၏ စီစဉ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ တာမွေ(ယာယီ) စျေးတွင် မီးငြှိမ်းသတ်သည့် စက်ကြီးများကို အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်နည်း ဇာတ်တိုက် သရုပ်ပြလေ့ကျင့်ခြင်းများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။