ဇမ္ဗူသီရိ မတ် ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပဖြေဆိုမည့် စာစစ်ဌာန (၅) ခုအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေ များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဇမ္ဗူသီရိမြို့နယ် မီးဘေးအန္တရာယ် လုံခြုံရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်း၊ ဇမ္ဗူသီရိမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဝင်းကျော်နှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျင်းပဖြေဆိုမည့် စာစစ်ဌာန (၅) ခုရှိ စာသင်ကျောင်းများတွင် မီးသတ်ဆေးဘူးများနှင့် မီးငြှိမ်းသတ်ကိရိယာများ စနစ်တကျထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် မီးဘေးအန္တရာယ်ဆိုင်ရာများကို သတိရှိစေရန်နှင့် အရေးပေါ်ဆက်သွယ် ရမည့်ဖုန်းနံပါတ်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ မီးသတ်ဆေးဘူး အသုံးပြုနည်းများအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)