အမြို့မြို့အနယ်နယ်သတင်းများ

Mar 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့က ကျင်းပပြုလုပ်သည်။
Mar 14,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈) နှစ်အထက် ပြည်သူများအား သတ္တမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစ၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Mar 14,2022
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဘုရားဖူးခရီးသွားပြည်သူများ နေ့စဉ်ဝင်ထွက် သွားလာ နေသော ဘားအံမြို့နယ်၊ နောင်ပလိန်ကျေးရွာအုပ်စု၊ ဣစ္ဆာသယဂူအဝင်လမ်း ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲကို မတ်လ ၁၄ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က အဆိုပါလမ်း မုခ်ဦးရှေ့၌ ကျင်းပသည်။
Mar 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စည်ပင်သာရေးအဖွဲ့မှ ပြည်သူများသွားလာရေး ပိုမိုအဆင်ပြေစေရန်အတွက် ကျွန်းစုမြို့အဝင်ဆိပ်ကမ်းမှ ဘုရင့်နောင်လမ်းဆုံအထိ ကတ္တရာထပ်ပိုးလွှာခင်းခြင်းကို မတ်လ (၁၀) ရက်နေ့က စတင်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Mar 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြို့မစျေးအတွင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး​ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Mar 14,2022
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ ပြည်သူများအား ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံ‌ပေးခြင်းကို တိုက်နယ်ပြည်သူဆေးရုံတွင် ယမန်နေ့ နံနက်(၉)နာရီမှ မွန်းလွဲ(၂)နာရီအထိ ထိုးနှံပေးခဲ့‌သည်။
Mar 14,2022
မကွေးတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဉီးစီးဌာနနှင့် ရေနံချောင်းတက္ကသိုလ်တို့ ပူးပေါင်း၍ ငါး/ပုစွန်များတွင် ကျရောက်တတ်သော ရောဂါများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက တက္ကသိုလ် ပတ္တမြားခန်းမ၌ ပြုလုပ်သည်။