တပ်ကုန်းမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၂၈၀၈)ဦး ဝင်ရောက်ဖြေဆိုမည်

တပ်ကုန်း မတ် ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ခု၊ ပညာ သင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၂၈၀၈)ဦး ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာ (ဖောင်)တင်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တပ်ကုန်းမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် အထက-(၁)စာစစ်ဌာနတွင် (၆၈၈)ဦး၊ အထက-(၂)စာစစ်ဌာနတွင်(၇၄၇)ဦး၊ အထက(ခွဲ) ဗိုလ်မင်းရောင်စာစစ်ဌာနတွင်(၃၀၅)ဦး၊ အထက-ကပစ(၁)စာစစ်ဌာနတွင် (၂၇၆)ဦး၊ အထက-MRTV စာစစ်ဌာနတွင် (၂၃၈)ဦး၊ အထက-ညောင်လွန့်စာစစ်ဌာနတွင် (၂၇၂)ဦး၊ အထက-ရွှေမြို့စာစစ်ဌာနတွင် (၇၄)ဦး၊ အထက-မကျီးပင်စာစစ်ဌာနတွင် (၁၂၈)ဦး၊ အထက-တောင်ပို့သာ စာစစ်ဌာနတွင်(၈၀)ဦး၊ ကျောင်းသား၊ ကျောင်းသူပေါင်း (၂၈၀၈)ဦးနှင့် စာစစ်ဌာနပေါင်း(၉)ခုဖြင့် စီစဉ်ထားရှိ၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
 

တင်စိုးလွင်