Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မင်းပြားမြို့၌ မီဘေးကြိုတင်ကာကွယ်ရေးဌာနဆိုင်ရာရုံးများ၌ ကွင်းဆင်းဆောင်ရွက်
Mar 14,2022
ယခုအချိန်သည် ပူပြင်းခြောက်သွေသည့် နွေရာသီသို့ရောက်ရှိလာပြီဖြစ်၍ မင်းပြားမြို့နယ် ဌာနဆိုင်ရာရုံးများ၌ မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ယနေ့ နံနက်(၉) နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Mar 14,2022
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်းရှိ မိဘပြည်သူများအား မီးဘေး အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်းနှင့်တပ်ဖွဲ့ဝင်များက ယနေ့နေ့လယ်(၁၂)နာရီခွဲ အချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ကာမိုင်းမြို့၌ ကိုဗစ်ကာကွယ်ဆေးအား Mobile စနစ်ဖြင့် ထိုးနှံပေးရေးနှင့် တက္ကသိုလ်၀င် စာမေးပွဲဖြေဆိုရေးအစည်းအဝေးကျင်းပ
Mar 14,2022
ကချင်ပြည်နယ်၊ မိုးညှင်ခရိုင်၊ ဖားကန့်မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏လမ်းညွှန်မှုအရ ကာမိုင်းမြို့ ဧရိယာအတွင်းရှိရပ်ကွက်၊ ကျေးရွာ အုပ်စုများတွင် ကာကွယ် ဆေးမထိုးနှံရသေး သူများအား ဆက်လက်ထိုးနှံရေးအတွက် Mobile စနစ်ဖြင့် သွားရောက် ထိုးနှံပေးရေးနှင့် တက္ကသိုလ်၀င်စာမေးပွဲဖြေဆိုရေးဆိုင်ရာ များနှင့် ပတ်သတ်၍ အစည်းအဝေးကျင်းပခြင်းကို မတ်လ ၁၂ ရက်နေ့နံနက် (၁၁)နာရီခွဲခန့်က မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ လိုက်လံထိုးနှံပေးလျက်ရှိ
Mar 14,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မတ်လ(၁၃)ရက် နံနက်(၉)နာရီမှစတင်ကာ ဆေးထိုးစုရပ်နေရာများ၌ လိုက်လံ ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်ကျေးရွာများရှိ လူနေအိမ်များအား လိုက်လံစစ်ဆေး
Mar 14,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီ ဖြစ်၍ မီးဘေးအန္တရယ် လုံခြုံမှုရှိစေရန်နှင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စံရွေးတန်းရပ်ကွက်နှင့် ငဖြူကလေးကျေးရွာ များအား လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းလောင်းချောင်း သဘာဝရေပြင်တွင် ရေပေါ်ငါးမွေးမြူရေးကန်ဖြင့် ငါးမွေးမြူရေး စမ်းသပ်မွေးမြူ
Mar 14,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့ရှိ ပေါင်းလောင်း ချောင်းသဘာဝရေပြင်တွင် ရေပေါ်ငါးမွေးမြူရေးကန်ဖြင့် ငါးမွေးမြူခြင်းကို နေပြည်တော်ငါးလုပ်ငန်းဦးစီးဌာနမှ စမ်းသပ်မွေးမြူလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး
Mar 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်)နှင့် (ဒုတိယအကြိမ်) ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိ နေသော ဒေသခံပြည်သူများအား ယနေ့နံနက် ၉ နာရီက အလယ်ပိုင်းရပ်ကွက် ပြည်လုံးချမ်းသာ သာသနာ့ဗိမာန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်အတွင်းရှိ ပြည်သူခုနှစ်သောင်းနှစ်ထောင်ကျော်အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့် ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်
Mar 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး(ရန်ကုန်)တွင် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသည့်သူများအား လူတစ်ဦးလျှင် နှစ်ကြိမ်နှုန်းဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ ပြည်သူ (၇၂၂၄၄)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22071
Page
22072
Page
22073
Page
22074
Current page
22075
Page
22076
Page
22077
Page
22078
Page
22079
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department