မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင်  မြေပြင်လူဦးရေစာရင်းနှင့် အခြေခံလူဦးရေ စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း သင်တန်းပို့ချ

ကြံခင်း မတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး  ဟင်္သာတခရိုင်. ကြံခင်းမြို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး ခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က  မြေပြင်ရှိလူဦးရေစာရင်းနှင့်  အခြေခံလူဦးရေ စာရင်းများအား တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း သင်တန်းပို့ချခဲ့ကြောင်း သိရသည်။

ပထမဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမြင့်မှ သင်တန်း ဖွင့်လှစ် ပို့ချရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီ  သင်တန်းစတင်ရာ မြို့နယ်ဌာနဆိုင်ရာ (၁၁)ခုမှ ဝန်ထမ်းများ တတ်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါသင်တန်းကို နံနက်(၁၀)နာရီမှ ညနေ()နာရီထိ သင်ကြားပေးမှာဖြစ်ပြီး  မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမြင့် ဦးဆောင်ပြီး တာဝန်ရှိသူများမှ  မြေပြင်ရှိ လူဦးရေစာရင်းနှင့် အခြေခံလူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးရာတွင် ရှေ့ပြေးလုပ်ငန်း စီမံချက်အနေဖြင့် အခြေခံမဲဆန္ဒရှင်စာရင်း မှန်ကန်စွာ ရရှိစေရန်   စနစ်တကျ လက်တွေ့သင်တန်း ပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မိုးမိုး(ကြံခင်း ပြန်/ဆက်)