မုဒုံ မတ် ၁၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ မွန်ပြည်နယ် မုဒုံမြို့နယ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းခန်းမ၌ သတင်း အမှား/အမှန် ခွဲခြားသုံးသပ်ရေး၊ ဥပဒေရေးရာနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းယုက အသိပညာပေးဟောပြောပွဲ ပြုလုပ် ပေးရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် မုဒုံမြို့ နယ်ဥပဒေ အရာရှိ ဦးသန်းဝင်းမောင်က မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေရေးရာအကြောင်း သိကောင်းစရာ များကိုလည်ကောင်း၊ မုဒုံမြို့မစခန်းမှူး ဝင်းထွဋ်အောင်က သတင်းအမှား/ အမှန် အသိ ပညာပေးနှင့် မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုများအကြောင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မုဒုံမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက သတင်းအမှန် /သတင်း မှားများ၊ လုပ်ကြံသတင်းများကို ခွဲခြားသုံးသပ်နိုင်ရန်၊ ယနေ့ခေတ် လူမှုကွန်ယက်စာမျက်နှာများ၊ Social Media များကိုအသုံးချကာ နည်းလမ်းပေါင်းစုံဖြင့် ဖြန့်ဝေနေသည့် လုပ်ကြံဖန်တီးထားသော သတင်းများကို ရှောင်ရှားတက်စေရေး၊ ယုံကြည် စိတ်ချရသည့် နိုင်ငံပိုင်သတင်းစာများ၊ ရုပ်သံများနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်သူတစ်ဦးတွင်ရှိသည့် အရည်အချင်းများ အကြောင်းကိုလည်ကောင်း ဟောပြော ပေးခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် သင်းတန်းနည်းပြဆရာမများ၊ သင်တန်းသူများတို့က တက်ရောက်ခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)