Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ စာသင်ကျောင်းများတွင် Mask Campaign ပြုလုပ်
Mar 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် လက်ရှိ ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ် ထိန်းချုပ်နိုင်ရေး အတွက် ကာကွယ်ဆေးထိုးနှံခြင်းများ အသွားအလာ ကန့်သတ်ထားရှိခြင်းနှင့် Mask Campaign ပြုလုပ်၍ Maskများ အခမဲ့ဖြန့်ဝေခြင်းများကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ အရှိန်အဟုန်ဖြင့် ပူးပေါင်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်တွင် အသက်၁၈နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Mar 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (CoviShield) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီမှစ၍ အမှတ်(၆)ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌ ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့နယ်၊ တွင်းလပ်ကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာန၊ စံကိုက်အဆောက်အဦဆောက်လုပ်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 15,2022
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ တွင်းလပ်ကျေးရွာအုပ်စု တွင်းလပ်ကျေးရွာ၌ ဆောက်လုပ်သော ကျေးလက်ကျန်းမာရေးဌာန စံကိုက်အဆောက်အဦ ဆောက်လုပ်ပြီးစီးမှု အခြေအနေအား မြို့နယ်ဆောက်လုပ်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦစိုးလွင်နှင့်အဖွဲ့သည် ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကွင်းဆင်း ကြည့်ရှု၍ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံတားမြို့နယ်အတွင်း အသက်(၁၈)နှစ်အထက် ရှိသူများအားလုံး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံနိုင်ရေး mobile ဆေးအဖွဲ့မှ ဆက်လက်ထိုးနှံပေး
Mar 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်အတွင်း အသက်(၁၈)နှစ်အထက်ရှိ ရပ်ကွက်နေ ပြည်သူများအားလုံး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် မကျန်ရှိစေရေးအတွက် ရပ်ကွက်အလိုက် ကာကွယ်ဆေးထိုးနှံပေးသည့် Mobile အဖွဲ့သည် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် (၁ဝး၀၀)နာရီအချိန်၌ ၃၉လမ်းအထက်ဘလောက် အမှတ်(၈)ရပ်ကွက် ဓမ္မာရုံတွင် အမှတ်(၇)ရပ်ကွက်နှင့် အမှတ်(၈)ရပ်ကွက်ရှိ ပြည်သူများအား ထိုးနှံပေးရာ Covishield First Dose ထိုးနှံသူ (၅၁)ဦး၊ Covishield Booster Dose ထိုးနှံသူ (၇၀)ဦး စုစုပေါင်း (၁၂၁)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ
Mar 15,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာစေတီတော်ဝင်း အတွင်းရှိ ရတနာ့ဗိမာန်တော်တန်ဆောင်းတွင် ယမန်နေ့နံနက် (၁၀:ဝဝ) နာရီမှ (၁၂:၃၅)နာရီထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (COVISHIELD)အား ပထမအကြိမ် ထိုးနှံပေးခြင်းဆောင်ရွက်ခဲ့သည်။ ထိုသို့ဆေးထိုးနှံရာတွင် ဒဂုံမြို့နယ် အတွင်းရှိ ဦးဝိစာရရပ်ကွက်နှင့် ဘုရားကြီးရပ်ကွက်တို့မှ အသက် (၁၈)နှစ်နှင့်အထက် ရပ်ကွက်နေပြည်သူ ကျား (၂၀)ဦး၊မ(၂၄)ဦး လူဦးရေ စုစုပေါင်း (၄၄)ဦး တို့အားထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ၁ လုံးလျှင် ၁၁ ဦးနှုန်းဖြင့်(၄၄) ဦးအတွက် ဆေးအလုံးရေ (၄ )လုံးအား ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကော်ဖီစိုက်တောင်သူများ မဲနယ်တောင်ဒေသ ကော်ဖီစိုက်ခင်းသို့ လာရောက်လေ့လာ
Mar 15,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ၊ ဗန်းစောက်ကျေးရွာရှိ ကော်ဖီစိုက်တောင်သူ ဦးခွန်အောင်ထွန်းနှင့် လုံဟေးကျေးရွာရှိ ကော်ဖီစိုက် တောင်သူ ဦးခွန်ဇော်ကြီး၏ ကော်ဖီစိုက်ခင်းသို့ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကော်ဖီစိုက် တောင်သူများ လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်တရားဒေသအတွင်း ထောပတ်ဥယျာဉ်ခြံတွင် ဝဥစမ်းသပ်စိုက်ပျိုး
Mar 15,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသအတွင်း ထောပတ် ဥယျာဉ်ခြံတွင် တစ်နှစ်အတွင်း ဝင်ငွေနှစ်မျိုးရရှိနိုင်ရန် ရည်ရွယ်၍ ဝဥကို စမ်းသပ်စိုက်ပျိုးကြကြောင်း ထောပတ်ဥယျာဉ်ခြံ စိုက်ပျိုးသည့်တောင်သူ တစ်ဦးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့နယ်တွင် အသက် (၁၈) နှစ် ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Mar 15,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက် (၁၈) နှစ် ပြည့်ပြီး သူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများ အရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အမအသုတ် ပထမအကြိမ် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22063
Page
22064
Page
22065
Page
22066
Current page
22067
Page
22068
Page
22069
Page
22070
Page
22071
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department