ကျွန်းစု မတ် ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံမည့်သူများအား ယနေ့နံနက်(၉)နာရီ အချိန်က ကျွန်းစုမြို့ပေါ် မိုးလုံလေလုံအားကစားခန်းမနှင့် ကံမော်ကျေးရွာတို့၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများက ပထမအကြိမ် ကာကွယ်ဆေးလာရောက်ထိုးနှံထားသူ(၁၇၁၆)ဦးတို့အား ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်နေရာများ၌ ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)