ပန်းတောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ပန်းတောင်း    မတ်   ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယနေ့နံနက်()နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပန်းတောင်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေး က စာပေကိုချစ်မြတ်နိုးသူများအနေဖြင့် စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများ မပျောက်ပျက်စေရန်၊ စာပေကို ချစ်မြတ်နိုးသူများ အချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် စာပေကို တန်ဖိုးထားမြတ်နိုးတတ်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊  စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)၊ ဥက္ကဋ္ဌ ဦးလှကျော် က စာဖတ်ဝိုင်းအဖွင့်အမှာစကားများ ပြောကြားကြပြီးနောက် Book Club အဖွဲ့ဝင် ဦးတောက်က  စာရေးဆရာ(ဓနုဖြူ) လပြည့်ဝန်းနှင့် ဆင်စွယ်ဘီးကလေး စာအုပ်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စာပေမြတ်နိုးသူများကလည်း ၎င်းတို့၏ အတွေးအမြင်များကို  အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ယခုလို စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) နှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ပန်းတောင်းမြို့နယ်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လစဉ်ပြုလုပ်ဆောင်ရွက်ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)