သံဖြူဇရပ် မတ် ၁၅
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ပြည်ထောင်စု ရွေးကောက်ပွဲအဖွဲ့ဝင် ဦးသန်းဝင်း၊ ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးဟိန်းလင်းထက်နှင့် ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးထင်ကျော်တို့မှ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး လုပ်ငန်းညှိုနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
အခမ်းအနားတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်းက ရွေးကောက်ပွဲ ဆိုင်ရာ နှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးတွင် ဆောင်ရွက်ရမည့် အခြေခံ မဲဆန္ဒရှင် စာရင်းနှင့်မြေပြင်ရှိ လူဦးရေ စာရင်းတိုက်ဆိုင် စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက်(Pilot Project) စတင်ဆောင်ရွက်နိုင်ရေး ရှင်းလင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးဟိန်းလင်းထက်က လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ ယခုလက်ရှိ ဆောင်ရွက်နေသည့် ပန်းခင်းစီမံချက်နှင့် အတူ လူဦးရေစာရင်း များမှန်ကန်မှုရှိစေရေး ဆောင်ရွက်ရန် ပြောကြားပြီး၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က မြို့နယ်အတွင်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ရွေးကော်ပွဲအရာရှိ ဒေါ်ဝင်းသန္တာထွေးက မြို့နယ်အတွင်းရှိ လူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ပြုလုပ်ပြီးစီးမှုအခြေအနေများကို တင်ပြဆွေးနွေးကာ ဆွေးနွေးပွဲအပြီးတွင် လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ဖြူဖြူသင်းက အဖွဲ့အလိုက် ရပ်ကွက်/ကျေးရွာများတွင် ဆောင်ရွက်ရမည့်အခြေအနေများအား လက်တွေ့ပြသရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
အေးအေးမွန်(ပြန်ဆက်)