ကျောက်ဆည်မြို့နယ် သင်တောင်းကျေးရွာတွင် သောက်သုံးရေဖူလုံစွာ ပေးဝေနိုင်ရေးအတွက် ရေပိုက်သွယ် တန်းမည့် လိုင်းကျင်းများ တူးဖော်

ကျောက်ဆည် မတ် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်း သောက်သုံးရေခက်ခဲသော ကျေးရွာများအား သောက်သုံးရေ ဖူလုံစွာ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ သင်တောင်းကျေးရွာတွင် ပြည်သူများ သောက်သုံးရေဖူလုံစွာ ပေးဝေနိုင်ရေး ရေပိုက်သွယ်တန်းမည့် လိုင်းကျင်းများ တူးဖော်ပေးလျက်ရှိကြောင်း သိရှိရသည်။

ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခွင့်ပြုရန်ပုံငွေကျပ် (၁၆.၇၀၁) သန်း အကုန်အကျခဲ့ကာ အနက် (၃၀၀) ပေ၊ အကျယ် () လက်မ (PVC) ပိုက်ဖြင့် အဝီစိတွင်း () တွင်း၊ အနက် (၃၀၀) ပေ၊ အကျယ် () လက်မ (PVC) ပိုက်ဖြင့် အဝီစိတွင်း () တွင်း၊ အလျား () ပေ၊ အနံ () ပေ၊ အမြင့် () ပေ ရေစက်ရုံ () ရုံ၊ ရေဂါလံ (၂၄၀၀) ဆံ့ ရေစင် () ခုတို့အား ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုပ်ငန်းများအား သတ်မှတ်ချိန် အတွင်း ပြီးစီးရေး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့် ဦးစီးအရာရှိ ဒေါ်ဌေးဌေးရီ (နည်းပညာ) တို့က ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်းနှင့် လုပ်ငန်းများပြီးစီးသွားပါက သင်တောင်းကျေးရွာမှ အိမ်ခြေ(၂၉၃)အိမ်၊ လူဦးရေ (၁၈၀၄) ဦးအတွက် သောက်သုံးရေများ နေ့စဉ်ဖူလုံတော့မည့်အပြင် အခြား ကျွဲ၊ နွား တိရိစ္ဆာန်များပါ သောက်သုံးရေများ ဖူလုံတော့ မည်ဖြစ်ကြောင်း သိရှိရသည်။

သောက်သုံရေအနေနဲ့ ကျွန်တော်တို့ ရွာကနွေရာသီရောက်တိုင်း ရေအခက်အခဲနှစ်စဉ် ကြုံတွေ့ ရပါတယ်၊ ကျေးရွာပိုင် အဝီစိတွင်းတူးဖော်ရာတွင် မြေအောက်မှာ ကျောက်ဖျာတွေခံနေလို့ ငွေအကုန်အကျများသော ကြောင့် အဆင်မပြေဖြစ်ကာ နှစ်စဉ်သောက်သုံးရေ အခက်အခဲ ဖြစ်နေရကြောင်း၊ ယခုနှစ်တွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက အဝီစိတွင်း၊ရေစက်ရုံ၊အမြင့် တင်ရေစင်တစ်ခုနှင့် ရေပိုက်သွယ် တန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးရာမှာ လုပ်ငန်းများရာနှုန်းပြည့်နီးပါး ပြီးစီးတော့မည်ဖြစ်တာကြောင့် ရာသီမရွေး သောက်သုံးရေ ဖူလုံစွာရရှိသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်းသင်တောင်းကျေးရွာမှ ရပ်မိရပ်ဖ ဦကျော်ဆွေကပြောပြ၍ သိရှိရသည်။

သက်မောင် (ကျောက်ဆည်)