စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

စဉ့်ကိုင်  မတ်  ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို   ယနေ့ နံနက်   (၉)နာရီ   က ချောင်းပတ်အတွင်းရှိ လမ်းဆုံနေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ၀န်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၀င်များနှင့်ပရဟိတအဖွဲ့၀င်များက  Hand  Speaker ဖြင့်လှည့်လည် နှိုးဆော်ခြင်းများ  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ  နှိုးဆော်ချက်များတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါသည်  မြန်မာနိုင်ငံ အတွင်း ကူးစက်ပြန့်ပွားမှု ယခုအခါ ပိုမိုများပြားလာခြင်း၊ ကိုဗစ်-၁၉ ရောဂါသည်  ရောဂါလက္ခဏာ မပြသူများထံတွင်လည်း ရောဂါပိုးကူးစက်ခံရမှုများရှိနေခြင်းကြောင့်   ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေး ကြိုတင်ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ် နေသော မျိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရန်အတွက်အတတ်နိုင်ဆုံး   နေအိမ်အတွင်းသာ နေထိုင်ကြရန်၊ မိမိအိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံရန်နှင့် မိမိကလည်း အခြားသူများထံသွားရောက်ခြင်း မပြုရန်၊ မဖြစ်မနေအရေးကြီးကိစ္စကြောင့် နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း(Mask)ကို  စနစ်တကျ တပ်ဆင်ရန်၊ လက်ကိုဆေးကြော ခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်း၊ ထိတွေ့ခြင်းမပြု လုပ်ကြရန်နှင့် နှာခေါင်းစည်း (Mask) မတပ်ဆင်သူများနှင့်  တွေ့ဆုံခြင်း၊  စကားပြောခြင်း၊  လေ၀င်လေထွက်မကောင်းသော အခန်းများကို ရှောင်ရန်နှင့်မိမိတို့ နေအိမ်များကို   ပြူတင်းတံခါးများ ဖွင့်ပြီး လေ၀င် လေထွက်ကောင်းအောင်ပြုလုပ်ကြရန်၊ အသုံးပြုပြီးသော နှာခေါင်းစည်း( Mask )များကို  စနစ်တကျ စွန့်ပစ်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံစားနေရသည်ဟု သံသယရှိပါက  နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြပါရန်၊ ရောဂါကူးစက် ပြန့်ပွားမှုကို အမြန်ထိန်းချုပ်နိုင်ရန် ပြည်သူများအားလုံး လိုက်နာကြပြီး ပူးပေါင်းပါ၀င်ပေးကြရန် အသိပေးနှိုးဆော်ခြင်းများကို  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စဉ့်ကိုင်မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိအသက်(၁၈)နှစ်အထက်ရှိသော  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလုံး၀မထိုးနှံရသေးသည့် မိဘပြည်သူများ သက်ဆိုင်ရာဆေးထိုးစုရပ်သို့   ကိုဗစ်ကာ ကွယ်ဆေး မပျက်မကွက်သွားရောက် ထိုးနှံကြရန်နှင့် ကာကွယ်ဆေးထိုး နှံထားခြင်းမရှိသူများအား ထိရောက်စွာ စစ်ဆေးကြပ်မတ်အရေးယူခြင်းများ ပြုလုပ်သွားမည်ဖြစ်ပါ၍  သက်ဆိုင်ရာ ဆေးထိုးနှံစုရပ်သို့ မပျက်မကွက် သွားရောက်ထိုးနှံကြရန် Hand Speaker ဖြင့် လှည့်လည်လိုက်လံ  အသိပေးနှိုးဆော်ခြင်းများ  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)