အမရပူရ မတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေ ပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက်(၁၀)နာရီက ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ စာအုပ်စာစောင်များ ပြသခြင်းအခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လှက လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောပြီး တက်ရောက်လာသော ပြည်သူများက နံရံကပ်စာစောင်များတွင် ပြသထားသော လူကုန်ကူးမှုဆိုင်ရာ အကြောင်းအရာများ၊ အပူဒဏ် ကာကွယ်ရေးဆိုင်ရာအကြောင်းအရာများနှင့် စာအုပ်စာစောင်များကို စိတ်ဝင်စားစွာဖြင့် ကြည့်ရှုကြသည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre ခန်းမတွင် ဟောပြောပွဲ များ၊ နံရံကပ်စာစောင်ပြသခြင်းများ၊ စာအုပ်စာစောင်ပြသခြင်းများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်တင်လှ