ကမမောင်း မတ်လ ၁၅
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကမမောင်းမြို့တွင် ရောက်ရှိနေ သော စစ်ဘေးရှောင်ပြည်သူများအား ဆန်၊ ဆီ၊ ပဲ၊ ခြင်ထောင် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က ဆွေမြတ်မျိုးကြွယ် ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် ဆွေမြတ်မျိုးကြွယ်ဘုန်းတော်ကြီးကျောင်းမှ စာချဆရာတော် ဦးသီရိအား ဦးထိပ်ထား၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ မှစစ်ဘေး ရှောင်ပြည်သူများအား ဖာပွန်မြို့နယ် နှင့် ကမမောင်းမြို့ အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများက စစ်ဘေးရှောင် အိမ်ထောင်စု (၃၉၉) စု၊ လူဦးရေ (၁၈၇၇) ဦးအတွက် တစ်အိမ်ထောင်လျှင် ဆန် (၈) ပြည်၊ ဆီ (၁) ဘူး ၊ ပဲ (၁) ပိဿာ၊ ခြင်ထောင် (၁) လုံး ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။
ယဉ်ယဉ်အေး (ပြန်/ဆက်)