ငါန်းဇွန်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ငါန်းဇွန် မတ် ၁၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြင်းခြံခရိုင်ရုံးမှ အခမဲ့ ထုတ်ဝေဖြန့်ချီသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် အလုပ်ရှင်များအတွက် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာမူများ၊ ကလေးအလုပ်သမား ပပျောက်ရေး ရည်မှန်းချက်(၃)ရပ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးအလုပ်သမားဆိုသည်မှာ အဘယ်နည်း၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ မြနှင်းသုန်၏ သင့်ကြောင့်(ကဗျာ)စသည်တို့ ပါဝင်ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)