ဖောင်းပြင် မတ် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့က မြို့မစည်ပင်သာယာဈေး၌ ပါးစပ်နှင့်နှာခေါင်းစည်း (mask)များ ဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် သတ်မှတ်ထားသော စည်း ကမ်းချက်များကို လိုက်နာနိုင်ရေး ကြပ်မတ်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကိုကာကွယ်နိုင်ရန် ဈေးရောင်း ဈေးဝယ်သူများအနေဖြင့် မြို့မစည်ပင်သာ ယာဈေးသို့ ဝင်ရောက်မည်ဆိုပါက ဈေးအဝင်၌ထားရှိသော လက်ဆေး ဘေစင်တွင် လက်ကိုဆပ်ပြာ နှင့်စနစ်တကျဆေးကြောပြီး ဝင်ရောက်ကြရန်၊ သတ်မှတ် ထားသည့်နေရာတွင်သာ ဈေးရောင်းချကြရန်၊ ပါးစပ်နှင့်နှာခေါင်းစည်းများကို တပ်ဆင်ကြရန် တို့ကို မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ အမှုဆောင် အရာရှိနှင့် ဝန်ထမ်းများ၊ ဈေးတာဝန်ခံ နှင့်အဖွဲ့က လိုက်လံနှိုးဆော်ပေးခဲ့ပြီး mask မပါရှိသူများအား အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကိုယ် အပူချိန်တိုင်း တာစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင် ရွက်ခြင်းကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း ဈေးခေါင်း-၄ ဦးဇော်ဝင်းလှိုင်ထံမှ သိရသည်။
ကိုထွန်း(ဖောင်းပြင်)