ဘားအံ မတ် ၁၅
ကရင်ပြည်နယ် ဘားအံမြို့တွင် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိစေရန်နှင့် ရှောင်ကြဉ်နိုင်စေရန်အတွက် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရှိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် မြန်မာနိုင်ငံနှင့်စိတ်ကြွရူးသွပ်ဆေးပြဿနာ၊ စိတ်ကြွရူးသွပ်ဆေးဥပဒေ၊ စိတ်ကြွရူးသွပ်ဆေးများကို မည်သို့ ကာကွယ်မလဲ၊ ဆယ်ကျော်သက်ဘဝလှပဖို့ မိဘတိုင်းကစောင့်ရှောက်စို့၊ စိတ်ကြွရူးသွပ်ဆေးအမျိုးအစားများ၊ စိတ်ကြွရူးသွပ်ဆေးနှင့် မူးယစ် ဆေးများကို ရေရှည်သုံးစွဲသူများတွင် တွေ့ရသည့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာရမည့်အချက်များ ပါဝင် သည့် နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရှိရာ ဘားအံမြို့နယ်အတွင်းရှိ ကျောင်းသား/သူများက လာရောက်လေ့လာမှတ်သားကြကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)