(၇၇)နှစ် မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မြတ်ကိုးပါးဘုရားဝန်းအတွင်းရှိ ကြေးဆင်းတုတော်များအား ရောင်တော်ဖွင့်ကုသိုလ်ပြု

လေးမျက်နှာ မတ် ၁၈

၂၀၂၂ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ဘုတ်ချောင်း ကျေးရွာတွင် တည်ထားကိုးကွယ်လျက်ရှိသည့် မြတ်ကိုးပါးဗုဒ္ဓရှင်တော်မြတ်ဘုရားဝန်းအတွင်းရှိ ကြေးဆင်းတုတော်မြတ်(၄)ဆူအား ယနေ့ နံနက်ပိုင်း၌ လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲရင့်နောင် ဦးဆောင်သော တတက(၅) ကွင်းကောက်မှ လုံခြုံရေး တပ်စုနှင့် ဂေါပကအဖွဲ့ဝင်များ ပူးပေါင်းကာ ရောင်တော်ဖွင့်ကုသိုလ်ပြုခဲ့ကြသည်။

လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲရင့်နောင် ဦးဆောင်သော တတက(၅) ကွင်းကောက်မှ လုံခြုံရေးတပ်စုမှ မြတ်ကိုးပါးရှင်တော်မြတ်ဘုရားအား ဖူးမြော် ကြည်ညိုကာ ဘုရားဝေယျာဝစ္စအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ပြီး ဘုရားဝင်းအတွင်း မှ ကြေးဆင်းတု တော်မြတ်(၄)ဆူအား သန့်ရှင်းရေးများ ပြုလုပ်ခြင်း၊ ကြေးဆင်းတုတော်များ ရောင်တော်ဖွင့် ကုသိုလ်ပြုခြင်းနှင့် ပန်းရေချမ်း အသစ်လဲလှယ် ကပ်လှူပူဇော်ခြင်းတို့ ဆောင်ရွက်ခဲ့ရာ ဂေါပကအဖွဲ့များမှ လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ကျော်ဟိန်း(ပြန်/ဆက်)