မြဝတီ မတ် ၁၈
၂ဝ၂၁-၂၀၂၂ ပညာသင်နှစ်၊ မတ်လ(၃၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအတွက် ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်လက်မှတ်များကို အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း တွင် ယနေ့နံနက် (၉)နာရီက စတင်ထုတ်ပေးလျက်ရှိသည်။
အဆိုပါကတ်ကို စာမေးပွဲဖြေဆိုရမည့်ရက်များတွင် နေ့စဉ်ယူဆောင်ရာရမည်ဖြစ်ရာ မြဝတီမြို့နယ်အနေဖြင် တက္ကသိုလ်ဝင် စာမေးပွဲအတွက် အထက(၁)မြဝတီနှင့် အထက (သင်္ဃန်ညီနောင်) စာစစ်ဌာန (၂)ဖြင့် ဖွင့်လှစ်ထားရှိမည်ဖြစ်ပြီး ယခင်နှစ်များက စာစစ်ဌာန(၄)ခု ထားရှိခဲ့သော်လည်း ယခုနှစ်တွင် ကျောင်းသားဦးရေအရ စာစစ်ဌာန ၂ ခုသာ ထားရှိမည်ဖြစ်သည်။
မြဝတီမြို့နယ်အနေဖြင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ကျောင်းတွင်း ဝင်ရောက်ဖြေဆိုသူ (၃၅၁) ဦးနှင့် ပြင်ပဝင်ရောက်ဖြေဆိုသူ (၃၁၄)ဦး စုစုပေါင်း(၆၆၅) ဦး ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာများ တင်သွင်းထားကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)