ဝါးခယ်မ မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သံကြိုးတိုင်ရပ်ကွက်၊ စက်ရုံလမ်းအပိုင်(၁) ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်တွင် စတင် ဖွင့်လှစ်ကြောင်း သိရသည်။ (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သံကြိုးတိုင်ရပ်ကွက်၊ စက်ရုံလမ်းအပိုင်း(၁) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောလင်းခယ်၊ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ ခေတ္တညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ဌာနဆိုင်ရာများမှ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းနောက် သံကြိုးတိုင်ရပ်ကွက်၊ စက်ရုံလမ်းအပိုင်း(၁) ကွန်ကရစ်လမ်းသစ်အား လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။ အဆိုပါ သံကြိုးတိုင်ရပ်ကွက်၊ စက်ရုံလမ်းအပိုင်း(၁) ကွန်ကရစ်လမ်းသည် အရှည် ၅၈၀ ပေ၊ အကျယ် ၂၀ ပေ၊ ထုထည် ၆ လက် မဖြစ်ပြီး ၂၀၂၁-၂၀၂၂ ခု၊ဘဏ္ဍာရေးနှစ် စည်ပင်ရန်ပုံငွေ ၂၁၁.၆၂၈ ကျပ်သိန်းကုန်ကျပြီး ဇော်ကမာဝင်း ကုမပဏ္ဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဟိန်းထက်လင်း(ဝါးခယ်မ ပြန်/ဆက်)