ကော့ကရိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကော့ကရိတ် မတ် ၁၈

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများ နိုင်ငံ့ဝန်ထမ်းနည်းဥပဒများ သိရှိလိုက်နာတက်စေရေး၊ ရုံးစည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်နိုင်ရန်နှင့် မိမိတို့ ရာထူးတာဝန်နှင့် လျော်ညီသော တာဝန်များကို တိကျစွာ ထမ်းဆောင်နိုင်ရန်အတွက် ရည်ရွယ်၍ ရုံးတွင်းစာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က အဆိုပါ ကော့ကရိတ်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ဌာန၏ ရည်မှန်းချက်တာဝန်များ အောင်မြင်ရေးအတွက် မိမိတို့အနေဖြင့် အားကြိုးမာန်တက်ဆောင်ရွက်ကြရန် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ သိရှိလိုက်နာရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ စာအုပ်တွင်ပါရှိသည့် ခွင့်ခံစားခြင်းနှင့် ခွင့်အမျိုးအစား(၁၂)မျိုးတို့အား အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ခင်မျိုးဝင်း