ပဲခူးမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ ဒုတိယနေ့ အေးချမ်းစွာ ဆက်လက်ဖြေဆို

ပဲခူး မတ် ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ၊ ပဲခူးမြို့နယ်အတွင်းရှိ  ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲ ဒုတိယနေ့ကို နေ့ နံနက် ၉ နာရီမှစ၍ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆက်လက် ကျင်းပရာ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပဲခူးမြို့နယ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းတွင်းစစ်  စာမေးပွဲဖြေဆိုနေမှုအား မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ ကြီးကြပ်၍ ကျောင်းတွင်းစစ်နှစ်ဆုံးစာမေးပွဲများကို မူလတန်းအဆင့် သင်ရိုးသစ် Grade–4 နှစ်ဆုံးစစ်ဆေးခြင်း (Year End Test) နှင့် အခြေခံပညာ အလယ်တန်းအဆင့် နှစ်ဆုံးစစ်ဆေးခြင်းကို မတ်လ (၁၇) ရက်မှ (၁၉) ရက်အထိ တစ်နေ့လျှင် ၂ ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် စာသင်ချိန် တစ်ချိန်စာ စစ်ဆေး၍ အလယ်တန်း ပြီးမြောက်မှုစာမေးပွဲ (Grade-9)နှင့် အထက်တန်းအဆင့် စာမေးပွဲများကို မတ်လ(၁၇)ရက်မှ (၂၃)ရက်နေ့အထိ တစ်နေ့လျှင် တစ်ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် (၂)နာရီကြာ ဖြေဆိုသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)