ဝါးခယ်မ မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေး အသိပညာပေး (Talk Show) ကို ယနေ့ မွန်းလွဲ (၂)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရီရီလွင်ကနှင့် ရုပ်သံကျွမ်းကျင်(၃) ဒေါ်စောသန္တာဦးတို့က လျှပ်စစ်ကြောင့် ဖြစ်ပွားတတ်သော အန္တရာယ်များ၊ လျှပ်စစ်မီးကို ပေါ့ဆစွာ အသုံးပြုမှုကြောင့် မီးဘေးအန္တရာယ် ကျရောက်နိုင်မှုများ၊ လျှပ်စစ်ဓာတ်အားကို ချွေတာသုံးစွဲရမည့် နည်းလမ်းများနှင့် ချွေတာသုံးစွဲမှုကြောင့် ရရှိလာမည့် အကျိုးရလဒ်များအကြောင်းများကို ဆွေးနွေးခဲ့သည်။ ပြည်သူများ အသိပညာ ဗဟုသုတတိုးပွားစေရေးအတွက် ဝါးခယ်မမြို့ ပြည်သူ့စာကြည့်တိုက် page တွင် စာအုပ်မိတ်ဆက်ခြင်း၊ ကလေးများအတွက် ကဗျာရွတ်ဆိုခြင်း၊ ပုံပြင်ပြောပြခြင်းနှင့် အခြား ဗဟုသုတရဖွယ် အစီအစဉ်များကိုလည်း Online မှတစ်ဆင့် နေ့စဉ်လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။
စောသန္တာဦး(ဝါးခယ်မပြန်/ဆက်)