မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း (၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး (၁၅) ကီလိုမီတာ တာဝေးအပြေးပြိုင်ပွဲ၊ သဲသောင်ပြင် ဘောလီဘော ပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ် တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

မော်လမြိုင် မတ် ၁၈

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မား လာစေရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာ‌စေရန်၊ အဆင့်မီ အရည်အသွေးရှိသော ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက်  အားကစား လှုပ်ရှားမှုကို  စိတ်ပါဝင်စားလာရန်၊ အားကစားနည်းများအလိုက်  စိတ်ပါဝင်စားပြီး၊ ပူးပေါင်း ဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ပြည်နယ်၏ ဂုဏ်ကို တန်ဖိုးထား ကာကွယ်ထိန်းသိမ်းတတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် အားကစား ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိရာ (၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး (၁၅)ကီလိုမီတာတာ ဝေးအပြေးပြိုင်ပွဲ၊ သဲသောင်ပြင် ဘောလီဘောပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ် တစ်ဦးချင်းပြိုင်ပွဲများ ကျင်းပခဲ့ရာ ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အားကစားနှင့် ကာယပညာဦးစီးဌာ၊ အားကစားနှင့်ကာယပညာ သင်တန်းတွင် အမျိုးသား၊ အမျိုးသမီး (၁၅)ကီလိုမီတာ တာဝေးအပြေးပြိုင်ပွဲတွင် (၃၅)ဦးပါ၀င် ယှဉ်ပြိုင်ခဲ့ကြရာ ပန်းဝင်လာသည့် တာဝေးအပြေးသမားများအား ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက ကြည့်ရှုအား ပေးခဲ့သည်။

ထို့နောက် မော်လမြိုင်မြို့ ကမ်းနားလမ်းတွင် အမျိုးသား၊ အမျိုးအမီးသဲသောင်ပြင် ဘော်လီဘောပြိုင်ပွဲအား လည်းကောင်း ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် စားပွဲတင်တင်းနစ် တစ်ဦးချင်းယှဉ်ပြိုင်နေမှုအား ဆက်လက် ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်ပြီး  (၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး (၁၅) ကီလိုမီတာတာဝေး အပြေးပြိုင်ပွဲ၊ သဲသောင်ပြင် ဘောလီဘောပြိုင်ပွဲနှင့် စားပွဲတင် တင်းနစ် တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့   တက်ရောက်ခဲ့ကာ ပြိုင်ပွဲဝင် အားကစားသမား ဆုရရှိသူများကို ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဝန်ကြီးများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်လင်းထွန်းက ပထမဆုရရှိသည့် အားကစားနည်းအလိုက် ပြိုင်ပွဲဝင်အသင်းများ၊ တစ်ဦးချင်း အကောင်းဆုံး အားကစားသမား ဆုတံဆိပ်နှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

မွန်ပြည်နယ်အနေဖြင့် ပြည်နယ်စိုးရအဖွဲ့မှ ပြည်နယ်ဂုဏ်ဆောင် အားကစား သမားကောင်းများ မွေးထုတ်ပေးနိုင်ရေး အားကစားနည်းများအလိုက် ပြိုင်ပွဲများအား ပြုလုပ်လျက်ရှိပြီး မွန်ပြည်နယ်အတွင်း၌လည်း လူငယ်လူရွယ်များအတွက် အားကစားကွင်းနှင့် အားကစားဥယျာဉ်များ တည်ဆောက်ပေးကာ လူငယ်နှင့်အားကစား ကဏ္ဍကို  အထူးအလေးပေး ပံ့ပိုးကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)