မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းဆောင်ရွက်

မိုင်းလုံ   မတ်  ၁၈

 ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  မြို့နေပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်၊ စာအုပ်စာပေ  ချစ်မြတ်နိုးသူများ  ပိုမိုတိုးပွားလာစေရန်၊     ကျန်းမာရေးဆိုင်ရာ အသိအမြင်   ဗဟုသုတများကို  လက်တွေ့ဘဝတွင် အသုံးချတတ် လာစေရန်  ရည်ရွယ်၍   စာရေး ဆရာ ဒေါက်တာကျော်စိန်၏ “လူငယ်လမ်းညွန်”စာအုပ်ဖြင့် ယနေ့နံနက်(၁၀းဝဝ)အချိန်ခန့်က လူထုအခြေပြု ဗဟို ဌာန   ( Community  Centre)  ခန်းမ၌  စာဖတ်ဝိုင်း  ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဌေးဌေးဝင်းက စာပေချစ်သူများအချင်းချင်း တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ဆွေးနွေးသည့် အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းနှင့် လူငယ်များကို စာပေမှ အသိပညာဗဟုသုတ များရရှိစေရန်စသည့်  ရည်ရွယ်ချက်များ ရရှိစေရန်ရှင်းလင်း ပြောကြားပြီး  တက်ရောက်လာသော (Book Club) အသင်းဥက္ကဋ္ဌ ဦးစိုင်းသစ်မှလူငယ်များပညာ‌ရေးကို ပိုမိုစိတ်ဝင်စား စေရန် “လူငယ်လမ်းညွန်” စာအုပ်တွင်ပါရှိသော လူငယ်နှင့်ပညာရေး ခေါင်းစဉ်ပါအကြောင်းအရာများကို အပြန်အလှန် အကျဉ်း ချုပ် ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ရောဂါ ကာကွယ် ရေးစည်းကမ်းချက်နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် တစ်လ တစ်ကြိမ် လစဉ်ပုံမှန်ဆောင်ရွက်သွားမည့် အကြောင်းကို မိုင်းလုံမြို့ ပြန်/ဆက်ရုံးမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

ဇော်ဇော်