ကော့ကရိတ် မတ် ၁၈
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်မီးသတ်ဦးစီးဌာနသို့ ပူးပေါင်း၍ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီချိန်က ခရိုင်ပြန်ဆက် ဦးစီးဌာန(Community Centre) ခန်းမတွင် ကျင်းပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က Talk Show ပြုလုပ်ရတဲ့ရည်ရွယ်ချက်အား ဆွေးနွေးပြောကြားသည်။ ထို့နောက် ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ရဲမင်းက မီးသတ်ဦးစီးဌာန၏ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသည့် ရည်မှန်းချက်တာဝန်များ၊ မီးဘေးလုံခြုံ ရေး မီးဘေးသတိပြုကြိုတင်ကာကွယ်ရေးအတွက် မီးမလောင်ခင်မှ မီးလောင်ပြီးစီးသည်အထိ ဆောင်ရွက်မှုအခြေအနေ၊ သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်မှုအခြေနေ၊ ဌာနအနေဖြင့် ဘေးအန္တရာယ်ကျရောက်ပါက ကူညီကယ်ဆယ်နိုင်ရေးအတွက် ဇတ်တိုက်လေ့ကျင့်ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ ပြည်သူများ အနေဖြင့် မီးဘေးလုံခြုံရေး ကြိုတင်ကာကွယ်ထားသင့်သည့် အချက်တို့ကို အကျယ်တစ်ဝင့် ဆွေးနွေးပြောကြားခဲ့ ကြောင်းသိရ သည်။
ခင်မျိုးဝင်း