အမြို့မြို့အနယ်နယ်သတင်းများ

Jan 18,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများ ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီလ (၁၈)ရက်နေ့ နံနက်ပိုင်းက စတင်ကာ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက်(၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် COVID Shield အမျိုးအစား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 18,2022
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး စောလင်းအောင်သည် ပဲခူးခရိုင် ကျောက်တံခါးမြို့နယ် သပြေတန်းကျေးရွာတွင် ယနေ့ နံနက်(၉)နာရီအချိန်၌ ပြုလုပ်သည့်  တိုင်းရင်းသားလူမျိုးများ အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်း ကြောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
Jan 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ခွေးလေးကြီးအုပ်စု၊ ရှစ်အိမ်တန်းကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသော အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ (၂၆၄)အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covidshield) First Dose ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ၊ ပိုးကရင်နှစ်ခြင်းခရစ်ယာန်ကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Jan 18,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၂-ခုနှစ်၊ မတ်လတွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် စာစစ်ဌာန(၂)ခုမှ ကျောင်းတွင်း ဖြေဆိုရန် (၅၁၅)ဦးနှင့် ပြင်ပဖြေဆိုသူရန်(၂၆၈)ဦး ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၇၈၃)တို့က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုရန်အတွက် လျှောက်လွှာများတင်သွင်းထားရှိကြောင်း သိရသည် ။
Jan 18,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် အများပြည်သူများနှင့်် စာပေဝါသနာရှင်များ အသိပညာဗဟုသုတ များတိုးပွားရရှိစေရန်၊ စာဖတ်ချင် စိတ်များ ဖြစ်လာစေရန် ရည်ရွယ်ကာ ယနေ့တွင် မိုင်းခုတ်မြို့ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် စာရေးဆရာမ ခင်စောတင့်၏ ''ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင်'' စာအုပ်အား မိတ်ဆက်ရိုက်ကူးကာ လွှင့်တင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jan 18,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယနေ့နံနက်က မယ်ဆည်နမ် ကျေးရွာအုပ်စု၌ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Jan 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင်များနှင့် (Women Club) အဖွဲ့များ ပူးပေါင်း၍ စာရေးဆရာ ဦးတင်လှ (မဟာဝိဇ္ဇာ) ရေးသားသည့် “မြန်မာမှု” စာအုပ်ဖြင့် ယနေ့ နံနက် (၁၀) နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်၊၊
Jan 18,2022
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၊ ‌ညောင်ပင်ရပ်ကွက်၌ ယနေ့နံနက် ၁၁ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနက သိရသည်။