ရမည်းသင်းမြို့နယ်၊ ‌ညောင်ပင်ရပ်ကွက်၌ လျှပ်စစ်ဓာတ်မီး အချိန်ကြာမြင့်စွာ အားသွင်းရာမှ မီးလောင်မှု ဖြစ်ပွား

ရမည်းသင်း ဇန်နဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၊ ‌ညောင်ပင်ရပ်ကွက်၌ ယနေ့နံနက် ၁၁ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနက သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ခင်ဆင့်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသူရလင်းတို့ ဦးဆောင်သော သ‌န္ဓေတပ်ဖွဲ့ဝင် (၁၅) ဦး ၊ အရန်တပ်ဖွဲ့ဝင် (၁၀) ဦး၊ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်‌ရေသယ်ယာဉ်(၁)စီးဖြင့် မီးငြှိမ်းသတ်ဆောင်ရွက်ရာ ၁၁ နာရီ ၄၇ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

ဖြစ်စဉ်မှာ ဦးဟိန်းမင်းမြတ်သူ၏ နေအိမ်အိပ်ခန်းအတွင်း လျှပ်စစ်ဓာတ်မီးကို အချိန်ကြာမြင့်စွာ အားသွင်းထားခဲ့ရာမှ လျှပ်စစ်ဝါယာကြိုးများ အပူလွန်ကဲ၍ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုကြောင့် Homagic အဲယားကွန်း(၁)လုံး၊ ကြမ်းခင်းအနည်းငယ်နှင့် Bluetooth Sound Box (၁)လုံးတို့ မီးလောင်ကျွမ်းခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)