တံတားဦး ဇန်နဝါရီ ၁၈
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၂-ခုနှစ်၊ မတ်လတွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် စာစစ်ဌာန(၂)ခုမှ ကျောင်းတွင်း ဖြေဆိုရန် (၅၁၅)ဦးနှင့် ပြင်ပဖြေဆိုသူရန်(၂၆၈)ဦး ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၇၈၃)တို့က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုရန်အတွက် လျှောက်လွှာများတင်သွင်းထားရှိကြောင်း သိရသည် ။
မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (နေပြည်တော်)မှ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုရန် ဝင်ခွင့်လျှောက်ထားခြင်းအား ၂၀၂၂-ခုနှစ် ဇန်နဝါရီလ(၁၅)ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ်ချက်အရ အထက၊ တံတားဦး စာစစ်ဌာန၌ အထက - တံတားဦး၊ အထက-မြင်းသည်၊ အထက-ဂွေးကုန်း၊ အထက-တောင် ပြုံး၊ အထက-တော်ဘီလူ၊ အထက(ခွဲ)တပယ်၊ အထက(ခွဲ)သူငယ်တော်၊ အထက(ခွဲ)အေးကြည်ကုန်း၊ အထက(ခွဲ)ထန်းလုံးတပ်၊ အထက(ခွဲ)ပြူကန်၊ အထက-မြေငူနှင့် အထက(ခွဲ) လက်ပန်ဇင်ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူပေါင်း(၃၇၄)ဦး၊ ပြင်ပဖြေဆိုရန် အထက-တံတားဦးနှင့် အထက-မြေငူ ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူပေါင်း(၂၁၈)ဦးတို့ဖြစ်သည်။ အလားတူ အထက-ချောင်းခွ စာစစ်ဌာန၌ အထက-ချောင်းခွ၊ အထက-သိန္နီကန်နှင့် အထက(ခွဲ) ညောင်ဝန်းတို့မှ ကျောင်းတွင်းဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူပေါင်း (၁၄၁)ဦး၊ ပြင်ပဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူပေါင်း (၅၀)ဦး ဖြစ်ကြောင်း ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့် လျှောက်ထားကြောင်းမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ရဲတင့်(တံတားဦး)