Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အမာမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jan 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယမန်နေ့ နေ့လည် (၁)နာရီအချိန်က စာဖတ်ဝိုင်း ပြုလုပ် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်၌ အသက်(၁၆)နှစ်အထက် ဒေသခံပြည်သူများအား "ပန်းခင်း" စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jan 19,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင် ကြစို့" ဆိုသည့် ဆောင်ပုဒ်နှင့် အညီ "ပန်းခင်း" စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန် ခရိုင်၊ ဟိုပန်မြို့နယ်၊ လဝကဝန်ထမ်းများမှ မိန်းပန်လွယ် ရပ်ကွက်နှင့် ရုံးကုန်းရပ်ကွက်များ၌ ယမန်နေ့ နံနက်ပိုင်းက အသက်(၁၆)နှစ်အထက် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗီဇပြောင်း အိုမီခရွန်ရောဂါပိုး သတိပြုကာကွယ်ရေး ပျော်ဘွယ်မြို့နယ်တွင် အသိပေးနှိုးဆော်လျက်ရှိ
Jan 19,2022
ပျော်ဘွယ်မြို့နယ်အတွင်း ဗီဇပြောင်း အိုမီခရွန်ရောဂါပိုးအား သတိပြုကာကွယ်နိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းတို့သည် အသိပညာပေးနှိုးဆော်ခြင်းကို ဇန်နဝါရီလ(၁၉)ရက်၊ နံနက်(၉)နာရီခွဲက ဖက်တောကျေးရွာတွင် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပ
Jan 19,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန် က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရသေ့တောင်မြို့၌ ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်
Jan 19,2022
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသိန်းသိန်းမောင် ဦးဆောင်၍ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်း က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ"အိုမီခရွန်"ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်
Jan 19,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်
Jan 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူး၍ ရှေးဦးပြုစု ခြင်း (အခြေခံ)သင်တန်းများ ဖွင့်လှစ်နိုင်ရန်နှင့်လှုပ်ရှားမှုများကို စဥ်ဆက်မပြတ်ဆောင်ရွက်နိုင်ရန် ဇန်နဝါရီ ၁၇နေ့ နေ့လည် ၁၂ နာရီအချိန်တွင် ရပ်ကွက်(၂)၊ဗဟိုလမ်း၊ယာယီအသင်းခွဲရုံး၌ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ပြသ
Jan 19,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးတွင်းနံရံကပ်ပြဘုတ်တွင် ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ကို ပြသဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18267
Page
18268
Page
18269
Page
18270
Current page
18271
Page
18272
Page
18273
Page
18274
Page
18275
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department