အမြို့မြို့အနယ်နယ်သတင်းများ

Jan 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ဒေသခံပြည်သူများ၏ ကျန်းမာရေး အလို့ငှာ အောက်ဆီဂျင်လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဟုမ္မလင်းမြို့နယ်၊ နောင်ပကျစ်ရပ်ကွက်၌ မြို့နယ်အောက်ဆီဂျင် စက်ရုံသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jan 18,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေကို ဖတ်ရှုခြင်းဖြင့် အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်၊ လူအများနှင့် ဆွေးနွေးပြောဆိုသည့် အလေ့အထများ ရှိလာစေရန်ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူ များက စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 18,2022
သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဒေါ်ဝတ်ရည်စိုးနှင့်အဖွဲ့သည် မြစိမ်းရောင် ကျေးရွာစီမံကိန်း စတင်အကောင်အထည်ဖော် ဆောင်ရွက်သော သာပေါင်းမြို့နယ်၊ ဂွေးတောက်ချောင်း ကျေးရွာရှိကျေးရွာ ခန်းမတွင် ယမန်နေ့၊ နေ့လည်ပိုင်းအချိန်၌ စီမံကိန်း လည်ပတ်ရန်ပုံငွေထုတ်ချေးမှု အခြေအနေအား သွားရောက် ကြီးကြပ် ဆောင်ရွက်ခဲ့ကြ သည်။
Jan 18,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်၁၀နာရီက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသခြင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်းသိရသည်။
Jan 18,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများနှင့် ဒေသခံပြည်သူများအား ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက် (၈) နာရီ အချိန်မှ စတင်ကာမြို့နယ်ပြည်သူ့ဆေးရုံစုရပ်နေရာတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jan 18,2022
ဒေသတွင်းလူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေပြီး အလုပ်အကိုင် အခွင့်အလမ်း များရရှိ၍ တစ်ဦးချင်းဝင်ငွေများ ပိုမိုမြင့်မားလာစေရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်း ပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ)၌ သက်မွေးပညာရပ် ကာလတိုသင်တန်းများ (၁/၂၀၂၂) ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က အဆိုပါကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 18,2022
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူများပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲ ၂ နာရီက လမ်းဆုံလမ်းခွနေရာများ၌ ပြန်ကြားရေးပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများသည် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။