တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ကျင်းပ

တံတား ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင်များနှင့် (Women Club) အဖွဲ့များ ပူးပေါင်း၍ စာရေးဆရာ ဦးတင်လှ (မဟာဝိဇ္ဇာ) ရေးသားသည့် “မြန်မာမှု” စာအုပ်ဖြင့် ယနေ့ နံနက် (၁၀) နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်၊၊

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က အများပြည်သူ များ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန် မရှိသူများအတွက် စာဖတ်ခွင့် မဆုံးရှုံးစေရန်၊ တစ်ဦးနှင့် တစ်ဦး စာပေဗဟုသုတ အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့် များ ရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင် နိုင်ရေးအတွက် ရည်ရွယ်၍ လစဉ်စာဖတ်ဝိုင်းပြုလုပ်ရခြင်းကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် (Women  Club) အဖွဲ့ဝင် ဒေါ်ယုနန္ဒာနွယ်မှ “ကျောက်ပျဉ်နှင့်သနပ်ခါး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်ယမင်းရွှေစင်မှ “ဇရပ်နှင့် ရေအိုးစင်” ခေါင်းစဉ်ဖြင့်လည်း ကောင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော စာပေဝါသနာရှင်များ၊ (Women Club) အဖွဲ့ဝင်များမှ လည်း ဝိုင်းဝန်းဆွေးနွေးကာ  အတွေးအမြင် ဗဟုသုတများ  ဖလှယ်ခဲ့ကြကြောင်း သိရသည်။

မိုးဖြူလွင်(ပြန်/ဆက်)