အမြို့မြို့အနယ်နယ်သတင်းများ

Sep 12,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများအရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၇)ဦးထပ်မံ တွေ့ရှိကြောင်း သိရသည်။
Sep 12,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းတို့ ပူးပေါင်း၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် ယနေ့ နံနက် (၁၀)နာရီက လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး ဆွေးနွေးပွဲ Talk Show  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 12,2021
          တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ အကျဉ်းထောင်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိရေး၊ အကျဉ်းသား များအား ရောဂါကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ကျန်းမာရေးစောင့်ရှောက်ပေးမှု အခြေအနေများအား ယနေ့ နံနက်ပိုင်းက  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဉာဏ်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Sep 12,2021
ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပလက်ဝမြို့နယ်တွင် သီတင်းသုံးနေထိုင်ကြသော ရဟန်းသံဃာတော်များအား ချင်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့မဝိသုဒ္ဒါ ရုံ ကျောင်းတိုက်၌ ပလက်ဝမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း(၄၆)ကျောင်း၊ သံဃာအပါး(၆၉) ပါးနှင့် သီလရှင် (၁) ပါး၊ ပေါင်း(၇၀)ပါးအား တစ်ပါးလျှင် ဆွမ်းဆန်စိမ်း(၅)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ဆား(၅၀)ကျပ်သားနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်သုံးပစ္စည်း များနှင့်အလှူ ငွေ(၁၈၀၀၀)ကျပ်နှုန်းဖြင့် လှူဒါန်းငွေစုစုပေါင်း(၁၂၆၀၀၀၀)ကျပ်တိတိ ကို ရှေးတန်းအမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ်မှတပ်မမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  နှင့်အဖွဲ့ဝင်တို့မှ လှူဒါန်းမှုပြု၍ ရေစက်သွန်းချအမျှပေးဝေခဲ့သည်။
Sep 12,2021
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လျင်လျင်မြန်မြန် ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ယနေ့ နံနက်(၈)နာရီအချိန်က မြို့နယ်မီးသတ် ဦးစီးဌာနရုံး၌ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ကြသည်။
Sep 12,2021
နိုင်ငံတော်မှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအားလူမှုရေးပင်စင်အဖြစ် ထောက်ပံ့ငွေ များပေးအပ်လျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်ရှိ  မြို့ပေါ်ရပ်ကွက်များတွင် ယနေ့ နံနက် ၉ နာရီမှ စတင်ကာ အိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့ပေးအပ်လျက်ရှိကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။   
Sep 12,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် စက်တင်ဘာ လ ၉ ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့တွင် ဖလုံဘူတာကျေးရွာအုပ်စုရှိ မာဂရီတောင်ကျချောင်းရေများ ကျေးရွာများအတွင်း ​​ဝင်ရောက်လျက်ရှိကြောင်း သိရသည်။