အမြို့မြို့အနယ်နယ်သတင်းများ

Jan 18,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် (Omicron)ကြို တင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များ အသိပညာပေး နှိုးဆော်ခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ပဲခူးလမ်းရပ်ကွက်နှင့် ဗောဓိကုန်း၊ ရေသိုးကျေးရွာများအရောက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jan 18,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် အခြေခံပညာကျောင်း များမှကျောင်းနေ အရွယ်ကလေးများ အသိပညာ ဗဟုသုတတိုးပွားစေရန်နှင့် ကာယ၊ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀နာရီ အချိန်က အခြေခံပညာမူလတန်းဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊အိမ်ဆောက်ဂိမ်းပြိုင်ပွဲနှင့် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်းများကို ကျင်းပဆောင်ရွက်ခဲ့သည်။
Jan 18,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ရုံးခန်း၌ ယနေ့နံနက်က ပြည်သူများ၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ နေ့ထူးနေ့မြတ်များကို မမေ့အပ်စေရန်၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို သိရှိလာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ (အကြို) စာအုပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Jan 18,2022
မေတ္တာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများသည် ဒေသခံပြည်သူများ အသိပညာဗဟုသုတများကို အလွယ်တကူရှာမှီးနိုင်ရေးရည်ရွယ်၍ စာအုပ်၊ စာစောင်များ မိုဘိုင်းငှားရမ်းပေးခြင်းဆောင်ရွက်မှုကို ဇန်နဝါရီလ ၁၈ ရက်နေ့၊ နံနက် ၉ နာရီအချိန်က အမှတ်(၂)  ရပ်ကွက်၊ အထက မေတ္တာကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 18,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ထန်းတပင်-အုန်းပင်-ပွဲသာ-မြို့စိုး-သန်လျှက်စွန်းလမ်း ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် လမ်းဦးစီးဌာနမှ သိရသည်။
Jan 18,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေး အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးဝန်ထမ်းများက ယနေ့နံနက် ၁၁ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း မြန်မာ၊ ပအိုဝ်း နှစ်ဘာသာဖြင့် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 18,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၊ ကမ်းနားလမ်းကမ်းပြိုကာကွယ်ရေးအတွက် ၂၀၂၁-၂၀၂၂ ခုနှစ်ခြောက်လ ဘတ်ဂျက် ပြည်ထောင်စုငွေလုံးငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၄၆ ဒသမ ၇၅၀ သန်းဖြင့် တင်ဒါအောင်မြင်သည့် ယမုံဦးကုမ္ပဏီက တာဝန်ယူပြီး ရေအရင်းမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ(၆) စစ်ကိုင်းတိုင်းဒေသကြီးရုံးမှ စီမံညွှန်ကြားမှုဖြင့် ယခုလ ၂ ရက်နေ့က စတင်ဆောင်ရွက်လျက်ရှိရာ ၂၅ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။