Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း အိုမီခရွန်ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Jan 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု လျော့ကျစေရေးအတွက် အသိပညာပေးနှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်အတွင်း ဟန်းစပီကာဖြင့်လှည့်လည်၍ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းအိုမီခရွန် ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Jan 18,2022
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ညပိုင်းက ရပ်ကွက်နှင့်ကျေးရွာများသို့ မော်တော်ယာဉ်ဖြင့် လှည့်လည်၍ တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေးမြို့နယ်၌ အိုမီခရွန်ရောဂါကြိုတင် ကာကွယ်ရေး မွန်/မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေး လှည့်လည် နှိုးဆော်
Jan 18,2022
မွန်ပြည်နယ် ရေးမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ အိုမီခရွန်ကြိုတင ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့ နံနက်ပိုင်းပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ လူစည်ကားရာနေရာများ၌ အသိပညာပေး လှည့်လည်နှိုးဆော် ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ အသိပညာပေးဆော်ဩမှုများ စဉ်ဆက်မပြတ်ပြုလုပ်
Jan 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုများကို ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် ပြည်သူများအား အသိပညာပေးခြင်း ကို ယနေ့နံနက် ၁၀ နာရီက မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ Hand Speaker ဖြင့်မြို့ပေါ်ရပ်ကွက်များနှင့် နားဖျိုင်းကျေးရွာများအတွင်း ဆော်ဩမှု ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့၌ အခြေခံပညာ အလယ်တန်း/အထက်တန်း ကျောင်းသား/သူများကို ဒုတိယအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမည်
Jan 18,2022
ချင်းပြည်နယ်၊ ဟားခါးမြို့၌ အခြေခံပညာအလယ်တန်း/အထက်တန်းကျောင်းသား၊ကျောင်း သူများအား ဒုတိယအကြိမ် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဗိုလ်တိုက်ချွန်းခန်းမ၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံ ပညာ အထက်တန်းကျောင်းတို့တွင် ဆေးထိုးစုရပ် သုံးနေရာခွဲ၍ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အသက် ၁၈ နှစ်နှင့်အထက် ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Jan 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင် တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကိုဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ် အထက်ရှိပြီး၊ သတ်မှတ်ဦးစားပေးအုပ်စု အလိုက်ကာကွယ်ဆေး ထိုးနှံပေးရာတွင်
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင်မြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် အားကစား၊ စာစီစာကုံး၊ ကျပန်းစကား ပြောပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Jan 18,2022
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် (၇၄) နှစ်မြောက် လွတ်လပ် ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် အားကစား၊ စာစီစာကုံး၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမာမြို့ရုံး (Community Centre) ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဂိမ်းကစားခြင်း ပြိုင်ပွဲများကျင်းပ
Jan 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်ပြီး ကျန်းမာပျော်ရွှင်သော အစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဂိမ်းကစားခြင်းပြိုင်ပွဲများကို ယနေ့နံနက် (၁၁)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18272
Page
18273
Page
18274
Page
18275
Current page
18276
Page
18277
Page
18278
Page
18279
Page
18280
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department